ကွမ်းခြံကုန်းမြို့နယ် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

ကွမ်းခြံကုန်း သြဂုတ်၂၆ 

ငါးရိက္ခာ ဖူလုံမှုရှိစေရန်၊ ငါးသံယဇာတ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသအတွင်း ငါးမျိုးများ ပြုန်းတီးမှုကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်၍ ကွမ်းခြံကုန်းမြို့နယ် ငါးလုပ်ငန်း ဦးစီး ဌာနမှ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်း အနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးမြင့်ရွှေ၊ ဒု-တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင်ထွဋ်၊ ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကွမ်းခြံကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သန်းလွင်၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးရင်ရှိန်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက သဘာဝရေပြင်အတွင်းသို့  ၂ လက်မအရွယ် ငါးမြစ်ချင်း ကောင်ရေ (၇) သိန်း စိုက်ထည့်ခဲကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးရင်ရှိန်ထံမှ သိရသည်။ 

မြို့နယ် (ပြန်/ဆက်)