သာယာဝတီ သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ များမှ အနီးကပ်ကြီးကြပ်ကာ ဩဂုတ်လ ၂၄ ရက်ညနေပိုင်းမှစတင်ကာ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့နယ်အတွင်းမှ အခြေခံစားကုန် ဆန်များအား ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိသည်။
ဒေသထွက်ဆန်(၁)ပြည်ပေါက်ဈေး ငွေကျပ်(၁၅၀၀)နှုန်း ဖြစ်သော်လည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆန်(၁)ပြည်လျှင် ငွေကျပ်(၁၀၀၀) နှုန်းဖြင့် ဆန်အိတ်ပေါင်း(၁၀၀)ခန့်အား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရပ်ကွက်/ကျေးရွာ များအတွင်း လှည့်လည်ရောင်းချပေးလျက်ရီကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်း၌ အခြေခံ စားကုန်များဖြစ်သည့် ဆီ နှင့် ကြက်သွန်၊ ငရုတ်သီးများ ကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)