တောင်ဥက္ကလာပမြို့နယ်အတွင်းသာယာလှပသန့်ရှင်းရေးနှင့်ရေစီးရေလာကောင်မွန်စေရေးအတွက်အထူးသန့်ရှင်း‌ ရေးဆောင်ရွက်

တောင်ဥက္ကလာပ သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း သာယာလှပ သန့်ရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်မွန် စေရေး၊စည်ပင်ရေပိုက်များမြေအောက်မြောင်းများနှင့် လွတ်ကင်စေရေးပြင်ဆင်ခြင်း လုပ်ငန်း များမြေပြင်ဆောင်ရွက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဝန်ထမ်း များမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမြင့်‌ဆွေဦးနှင့် မြို့နယ်စည်ပင်သန့်ရှင်းရေး လမ်းတံ တား ရေစီးရေလာနှင့် ပန်းဥယျာဉ်အဖွဲ့တို့ ပူးပေါင်း၍ တောင်ဥက္ကလာပ မြို့နယ် အတွင်းရှိ ပါရမီလမ်း၊သံသုမာလမ်းတို့တွင်(ဝဲ၊ယာ)များရှိလမ်းသားပေါ်သို့ ကိုင်းကျနေသောသစ်ကိုင်းများ မြက်ချုံများ ရှင်းလင်းခြင်း ရေမြောင်းများ၊ ရေနှုတ်မြောင်းများရေစီးရေလာ ကောင်မွန်စေရေး တို့အတွက်ရှင်းလင်းခြင်းများဆောင်ရွက်ပြီး၊ အမှိုက်သိမ်းယာဉ် များဖြင့်စီစဥ်ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)