ပန်းတောင်းမြို့နယ်၌ ကမ်းပြိုဘေးကြိုတင်ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

ပန်းတောင်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပဲကြီးကျေးရွာအုပ်စု၊ အလယ်ပဲကြီးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးကြိုတင်ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စုများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ လိုက်ပါလျက် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသည့် အလယ်ပဲကြီးကျေးရွာမှ နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း​(ပြန်/ဆက်)