မုဒုံ ဇူလိုင် ၁၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ယမန်နေ့ညက ကန်ကြီးစေ တီတော်ဘုရားဝင်း အဝင်လမ်း၌ လေပြင်များတိုက်ခတ်သည်။
လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါလမ်းရှိ လုံပတ် (၆)ပေ၊ အမြင့် ပေ (၅၅) ခန့်ရှိ ဆီသပြေပင် တစ်ပင်၊ လုံးပတ် (၆)ပေ၊ အမြင့် ပေ (၅၀)ရှိ သရက်ပင် တစ်ပင်နှင့် လုံးပတ် (၄)ပေ၊အမြင့် ပေ(၂၀)ရှိ ဗန်ဒါပင် တစ်ပင်တို့ လဲကျခဲ့ပြီ စျေးဆိုင်တန်းအနီးရှိ 11/0.4 kV 100 kva ထရန်စဖော်မာတစ်လုံး ကာလတန်ဖိုးကျပ် သိန်း (၅၀၀)နှင့် ဉာဏ်တော်အမြင့်ပေ (၃၀)ရှိ ဆုတောင်းပြည့်စေတီတော်တစ်ဆူ ထီးတော် ပျက်စီးဆုံးရှုံးသွားသည်။
ဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဘုန်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝေလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ လဲကျသွားသည့်သစ်ပင်များအား ခုတ်ထွင်ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)