ဟုမ္မလင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေး

ဟုမ္မလင်း  ဇူလိုင်   ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက၊ကြီးမှူး၍ကျင်းပသောကျေးလက်ဒေသဖွံ့ဖြိုးရေး  ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား​ရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းသန်းစိုးနှင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်(၉)နာရီခွဲက ဟုမ္မလင်းမြို့နယ် ထိန်ကင်းအုပ်စု မာလာကျေးရွာ သဒ္ဓမ္မကာရီကျောင်း၌ ကျင်းပသည်။

ဦးစွာ တိုင်း​ဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေက အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တက်ရောက်လာသော ဌာနဆိုင်ရာများက မိတ်ဆက်သည်။ ယင်းနောက် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က ပြည်သူ့စကားဝိုင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ကျေးရွာသန့်ရှင်းသာယာလှပရေး  စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီး၊ စစ်ကိုင်းတိုင်း​ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ဟုမ္မလင်း(ပြန်/ဆက်)