ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်း(၉)ခု ဖွင့်လှစ်၊ အိမ်ထောင်စု (၄၂၇) စု လူဦးရေ (၁၆၂၆) ဦးတို့အား ပြောင်းရွှေ့နေရာချထား

ဘီးလင်း ဇူလိုင် ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး  ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့်  ရပ်ကွက်/ကျေးရွာ မြေနိမ့်ပိုင်းနေရာရှိ နေအိမ်များ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းမျာသို့ ပြောင်းရွှေ့နေရာ ချထားပေးလျက်ရှိသည်။

ဘီးလင်းမြစ်ရေသည် ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေ အမှတ် (၁၀၂၂)စင်တီမီတာအထက် (၁၀၂၉) စင်တီမီတာသို့ (၇)  စင်တီမီတာ ကျော်လွန်ရောက်ရှိ လာသည့်အတွက် မြို့ပေါ် ရပ်ကွက် (၄)ခု နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိသည်။

 အဆိုပါ ရေဘေးသင့်ဒေသမှ ပြည်သူများအား မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏စီစဥ်မှုဖြင့် တပ်မ‌တော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ယာယီရေဘေး ကယ်ဆယ်ရေးစခန်း (၉)ခုဖွင့်လှစ်၍  အိမ်ထောင်စု (၄၂၇)စု လူဦးရေ (၁၆၂၆) ဦးတို့အား ပြောင်းရွှေ့နေရာချထားခဲ့ပြီး ဆန်၊ ရေသန့်၊ ကြက်ဥမုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များ ပေးအပ်ကူညီနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)