တမူး၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မရပ်ကွက်၊ အမှတ်(၁၂/ခ)အခြေခံပညာ မူလတန်းကျောင်းဝန်း၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်နေကြသည့် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေး အာဟာရ ဖြည့်စွက်စာအဖြစ် ငှက်ပျောသီး ကျွေးမွေးနိုင်စေရေးအတွက်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငှက်ပျောပင်စိုက်ပွဲတွင် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးရေးမှူးများနှင့် ဆရာ/ဆရာမများ၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဖီးကြမ်းငှက်ပျောပင် ၁၀၀ ပင်နှင့် သီးမွှေးငှက်ပျောပင် ၅၀ ပင် စုစုပေါင်း ၁၅၀ ပင်ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးနေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်သည်။
အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း တမူးမြို့၊ မြို့မရပ်ကွက်၊ အမှတ်(၁၂/ခ)အခြေခံပညာ မူလတန်းကျောင်းဝန်း၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ တစ်သျှူးငှက်ပျောပင် ၁၀၀ ပင်နှင့် ဖီးကြမ်းငှက်ပျော ပင် ၁၀၀ ပင် စုစုပေါင်း ၂၀၀ ပင်ကို သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်