မုံရွာ ဇူလိုင် ၂၄
အမှတ်(၁၄)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ဦးဆောင်ပြီးအခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ "လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အသိပညာပေးဟောပြောပွဲ” ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မုံရွာမြို့၊ အခြေခံပညာမူလွန်သလ္လာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးစေးက ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အမှတ် (၁၄) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မုံရွာ) မှ ရဲအုပ်မြတ်သူက လူကုန်ကူး/လူမှောင်ခိုမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာကိစ္စရပ်များ၊ အလုပ်အကိုင်ကြေညာအတုများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော လူကုန်ကူးမှုအန္တရာယ်အကြောင်းများ၊Online လိမ်လည်မှုဆိုင်ရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား လူကုန်ကူး/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)