တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ ဇူလိုင် ၂၄

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာစစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကြီးကြပ်မှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာ ကော်မတီ၊ လုံခြုံရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ဖိတ်ကြားရေးကော်မတီ၊ တည်းခိုရေးနှင့် နေရာချထားရေးကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ဆက်သွယ်ရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ အစည်းအဝေး၊ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်၊ လေကြောင်းပို့ဆောင်ရေး၊ မြန်မာ့အမျိုးသားလေကြောင်း၊ ယာဥ်ထိန်းရဲတပ်ဖွဲ့တို့က သက်ဆိုင်ရာလုပ်ငန်းကော်မတီများ အလိုက် အားလုံးပူးပေါင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)