ချောင်းသာမြို့အ‌ခြေခံပညာမူလတန်းကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ချောင်းသာ ဇူလိုင် ၂၄

၂၀၂၆၂၀၂၇ ပညာသင်နှစ်အတွက် KG ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးစေရေးနှင့် သင်ယူမှုအရည်အသွေး မြင့်မားစေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက်  ဆရာ၊ဆရာမများက KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ဝသော အစားအစာများကို စနစ်တကျကျွေးမွေးခဲ့ကြပြီး ကလေးငယ်များ၏ ကျန်းမာရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနှင့် သင်ယူနိုင်စွမ်း တိုးတက်လာစေရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အာဟာရကျွေးမွေးခြင်းအစီအစဉ်သည် KG ကျောင်းသား၊ ကျောင်းသူများ၏ အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်း(ပြန်/ဆက်)