ချောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင်ချောက်မြို့မရဲစခန်းမှ သက်ငယ်မုဒိမ်းမှုများ လျော့နည်း ကျဆင်းစေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ပြည့်ပင်အုပ်စု၊ မိုလာကျေးရွာ သားထကူဘုရားကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံပေါ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။
ဟောပြောပွဲတွင် ချောက်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မြင့်ဦးမှ သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များ၊ အမျိုးသမီး ငယ်များ မိဘကလွဲ၍ တစိမ်းယောင်္ကျားများကို အယုံ လွယ်ခြင်း၊ လက်ပွန်းတတီးနေထိုင်ခြင်းတို့က မဖြစ်သင့်သော အရာဖြစ်သွားနိုင်ပါ၍ မိမိကိုယ်ကို အထူးဂရုစိုက် ဆင်ခြင်နေထိုင်ခြင်းက အန္တရာယ်အကင်းဆုံး ဖြစ်ကြောင်းနှင့် မှုခင်းများ လျော့နည်းကျဆင်းရေး၊ မှုခင်း အသိပညာ ပေးခြင်းများ ဆက်လက်ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ချောက်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မြင့်ဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲ အုပ်ဝင်းဇော်၊ တပ်ကြပ်ဝင်း ထွန်းဟန်၊ မိုလာကျေးအုပ်ချုပ်ရေးမှူး ဦးအေးဝင်းနှင့်ကျေးရွာသူ/ သားစုစုပေါင်း၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)