ကာမိုင်း ဇန်နဝါရီ ၁၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နန့်ယားကျေးရွာ၌ Facility Quarantine ကန့်သတ်ထားရှိသူ (၁၀) ဦးအား နှာခေါင်း နှင့် အာခေါင်တို့ဖတ်များကို ယမန်နေ့နံနက် (၁၁) နာရီက Test Kit ဖြင့် ပထမအကြိမ် ဓာတ်ခွဲနမူနာများ ရယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များရယူရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် လူနာနှင့် ထိစပ်ဆက်နွယ် မှုရှိခဲ့သူ (၁၀) ဦးအား Facility Quarantine ကန့်သတ်ထားရှိခဲ့ကာ ကာမိုင်းတိုက်နယ် ဆေးရုံမှ ဆရာဝန်ဒေါက်တာအောင်မျိုးထက် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက နှာခေါင်းနှင့် အာခေါင်တို့ဖတ်များရယူပြီး Test Kit ဖြင့် ပထမအကြိမ် ဓာတ်ခွဲ နမူနာများ စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ Facility Quarantine ကန့်သတ်ထားရှိသူ ကျား (၆) ဦးနှင့် မ (၄) ဦး စုစုပေါင်း (၁၀) ဦးအား ပထမ အကြိမ်အဖြစ် ဓာတ်ခွဲနမူနာများရယူခဲ့ရာ ရောဂါပိုးမတွေ့ရှိရကြောင်း ဇန်နဝါရီ (၁၅) ရက်နေ့တွင် ဒုတိယအကြိမ် အနေဖြင့် နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ၏ ဓာတ်ခွဲနမူနာများ ကိုရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)