မိုးနဲမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိုးနဲ      ဇန်နဝါရီ        ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်အကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ အကြောင်း၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ကြီးကြပ်ရေး အဖွဲ့ဝင်၊ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ တာဝန်ခံ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်များ တင်ပြချက် အကျဉ်းချုပ်ကို ဦးစွာ ရှင်းလင်း ပြောကြားပြီးနောက် ပြင်ဆင်သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍  အသေးစိတ်ဆက်လက် ရှင်းလင်းဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အခက်အခဲများ၊ ဖြေရှင်းမည့် နည်းလမ်းများ၊ အကြံပြုတင်ပြချက်များကို ဝိုင်း၀န်းဆွေးနွေးမှတ်သား‌‌ ပေးစေလိုကြောင်း‌ ပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများက သိရှိလိုသော အချက်အလက်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ မိုးနဲမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)