ကော့မှူး ဇန်နဝါရီ ၁၄
ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီး စာဖတ်ရှိန်မြင့်မားတိုးတက် လာစေရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် သခွတ်ပင် ကျေးရွာအုပ်စု စက်စုကျေးရွာ ပညာဗိမာန် စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ တိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်း၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်၊ စာရေးဆရာမ ပေါက်ပေါက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က စာအုပ်စာစောင် တိုးပွား၊ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသ ကြီး စာကြည့် တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်း၊ Save the library ၊ Third story project နှင့် စေတနာရှင်များ၊ စာရေးဆရာ/ဆရာမများ လှူဒါန်း ထားသည့် သုတ/ရသ စာအုပ်များကို တာဝန်ရှိ သူများက စာကြည့်တိုက်တာဝန်ခံထံ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အဦမှာ အလျား(၁၅)ပေ၊ အနံ(၁၅)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း အမျိုးအစားဖြစ်ကြောင်း သိရ သည်။
ကျော်သူရ ကော့မှူး