မြောင်းမြ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေမှူးများ ပြန်လည် ရွေးချယ်ခန့်အပ်နိုင်ရေး ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြရွှေဝါ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ ရွေးချယ်ခန့်ထားခြင်း နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ရွေးချယ်မှု လုပ်ငန်းစဉ်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ ရွေးချယ်ရေး လုပ်ငန်းစဉ်များအား ပြည်သူများသိရှိစေရန် ဗီနိုင်း၊ လက်ကမ်း စာစောင်များ၊ အသံချဲ့စက်များဖြင့် အသိပညာပေး ဆောင်ရွက်ရန်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မိမိတို့ တာဝန်ကျရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှု လုပ်ငန်းစဉ်များတွင် ပွင့်လင်း မြင်သာ တရားမျှတမှုရှိစေရန်၊ ဘက်လိုက်မှုမရှိဘဲ ကြီးကြပ်ဆောင်ရွက်သွားရန် နှင့်သတ်မှတ်ကာလ အတွင်း စနစ်တကျ ရွေးချယ်နိုင်ရေးတို့ကို ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ် ခန့်အပ်နိုင်ရေးတွင် ကြီးကြပ်ရေး အဖွဲ့များအား ဖွဲ့စည်တာဝန် ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)