အုတ်ဖိုမြို့နယ်တွင် အားကစားပစ္စည်းထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jan 15,2021
ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ အုတ်ဖိုမြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီနှင့် အားကစားကလပ်များအား သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ် ခြင်း အခမ်းအနားကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အားကစားခန်းမတွင် ဇန်နဝါရီလ ၁၅ရက် နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။