မတ္တရာ ဇန်နဝါရီ ၁၅
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနှာခေါင်းစည်းများတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၇နာရီက လူစည်ကားသော နေရာ(၅)ခုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူစည်ကားရာနေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ပျံကျစျေး၊ မြို့မစျေးကြီး၏ တောင်ဘက်နှင့် မြောက်ဘက်၊ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၊ အမှတ်(၃) ရပ်ကွက် ပျံကျစျေးစသည့် နေရာ(၅)နေရာတို့တွင် လှုပ်ရှားသွားလာနေသူများအား နှာခေါင်းစည်း(၄၀၀၀)ခုအားအခမဲ့ဖြန့်ဝေ၍ ပါးစပ်နှင့် နှာခေါင်း တို့အား လုံခြုံစွာတပ်ဆင်ကြရေး၊ စျေးသည်များအနေဖြင့် စျေးရောင်းဝယ်နေသည့် အချိန်တွင် နှာခေါင်းစည်းများကို အမြဲတပ်ဆင် အသုံးပြုရေး၊ နောက်ရက် များတွင် နှာခေါင်းစည်းမတပ်ဆင်သူများကို ငွေဒဏ်ရိုက်ခြင်း၊ စျေးဆိုင်များအား ပိတ်သိမ်းအရေးယူခြင်းတို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ Mask Campaign ပြုလုပ် ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်ထွန်းနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)တို့ ပူးပေါင်း၍ ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)