သတင်းများ

ဆီဆိုင်မြို့နယ်တွင် Equipping Youth For Employment Project-EYE အစီအစဉ်အရ စာသင်ကျောင်းဆောင်နှင့် အိပ်ဆောင်ဆောက်လုပ်
Jan 15,2021
ပညာရေးဝန်ကြီးဌာနနှင့် Asian Development Bank-ADB တို့ ပူးပေါင်း၍ လူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် လေ့ကျင့် ပြုစုမွေးထုတ်ရေးစီမံကိန်း (Equipping Youth For Employment Project-EYE) အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက် ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်နှင့် ကျောင်းသား/သူများအိပ်ဆောင် ဆောက်လုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ ဗုဒ္ဓခြေတော်ရာတောင်ပေါ်၌ ဓမ္မာရုံတည်ဆောက်ရန်မြေပြင်ကွင်းဆင်းကြည့်ရှု
Jan 15,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာအနီး သမန္တကုဋအမည်ရ ခြေတော်ရာတောင်ပေါ်တွင် ဗုဒ္ဓခြေတော်ရာ လင်္ကျာတစ်ဆူတည်ရှိသဖြင့် အရပ်ဝေးအရပ်နီး အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများ နေ့စဉ်လာနေမှုများပြားနေသဖြင့် စိတ်အေးချမ်းသာစွာ နားခိုနိုင်ရေးနှင့်နှစ်စဉ်ကျင်းပမြဲဖြစ်သော အသံမစဲပဋ္ဌာန်း ပူဇော်ပွဲများပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဓမ္မာရုံတစ်ဆောင်တည်ဆောက်နိုင်ရန် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များနှင့်တာဝန်ရှိသူများက ယမန်နေ့ န့နက် ၈ နာရီ အချိန်ကစ၍ အမြင့်ပေ(၂၄၂၄ပေ)ရှိသော ၎င်းခြေတော်ရာတောင်ပေါ် သို့ သွားရောက ်ကြည့်ရှု၍ တိုင်းတာမှုများ ပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှသိရသည်။
မကွေးမြို့တွင် STOP COVID-19 အဝါရောင် အသိပညာပေး လှုပ်ရှားမှုတစ်ရပ်ဆောင်ရွက်
Jan 15,2021
မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏ Stop COVID အဝါရောင် အသိပညာပေး လှုပ်ရှား မှု တစ်ရပ်ကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း က တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၄)ဦး ထပ်တိုးတွေ့ရှိ
Jan 15,2021
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၄)ဦး ထပ်တိုးတွေ့ရှိ ခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၂၉၀၈)ဦးထိ ရှိလာကြောင်း သိရသည်။
သံဖြူဇရပ်မြို့တွင် ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jan 15,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မွန်ပြည်နယ် ကြက်ခြေနီအသင်းနှင့် သံဖြူဇရပ် မြို့နယ် ကြက်​ခြေနီအသင်းတို့ ကြီးမှူးဖွင့်လှစ်သည့် ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်း ၁/၂၀၂၁ဆင်းပွဲကို မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်​နောင် ခန်းမ၌ ဇန်နဝါရီ၁၄ရက်နံနက်၁၀နာရီကကျင်းပသည်။
အိမ်မဲမြို့နယ်၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးသင်တန်း အခမ်းအနားကျင်းပ
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး သင်တန်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ
Jan 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “ခွေးရူးကင်းစင် မြန်မာပြည်တစ်ခွင် ၂၀၃၀ တွင်” ဆောင်ပုဒ်နှင့်အညီ ခွေးရူးရောဂါဖယ်ရှားရေး ကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ ကုလားပဲ (၄)မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အချက် လက်( Data) ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊မင်းရွာကျေးရွာတွင်၊စိုက်ပျိုးရေးဦစီးဌာန နှင့် စိုက်ပျိုးရေးသုတေသန ဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားပဲ (၄) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဒုဦဂစီးမှူး ဒေါ် မိုးဝတ် ရည်သောင်း၊ စခန်းတာဝန်ခံ ဒေါ်ဆွေဆွေဌေး နှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ ၁၄ ရက်နေ့က ကွင်းများအတွင်းရောက်ရှိကာ ကုလားပဲမျိုးများ၏ အပင်ဖြစ်ထွန်းမှုအခြေနေကိုလည်းကောင်း ပိုးမွှားရောဂါ ကျရောက်မှုရှိ မရှိ တို့ကိုလည်းကောင်း တစ်မျိုးခြင်းစီ၏ အပင်အမြင့် ၊သီးတိုင်၊ သီးလုံး အရေအတွက် အချက်အလက် (Data)များ ကောက်ယူ ခဲ့ကြောင်းသိရသည်။