မြောင်မြို့တွင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ကတ္တရာ လမ်းသစ်ခင်း ခြင်း ရာနှုန်းပြည့်ပြီးစီး

မြောင်  ဇန်နဝါရီ  ၁5

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ(၂၀၂၀-၂၀၂၁) ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၀)​ဖြင့် မြောင်မြို့ပေါ်ရှိလမ်း(၃)လမ်းအား ကတ္တရာ လမ်းသစ် ခင်းကျင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

(၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၀)အထက်ဖြစ် သည့်အတွက် တင်ဒါ ကုမ္မဏီဖြစ်သည့် ဟိန်းဇေကုမ္မဏီဖြင့် လမ်းအရှည်ပေ(၆၀၀)၊ အကျယ်(၁၂)ပေ၊ ထု(၁၁)လက်မရှိပြီး ဟိန်းဇေကုမ္မဏီမှ လမ်း(၃)လမ်းအတွက် ခွင့်ပြုရန်ပုံငွေ(၃၃.၉)သန်းဖြင့် လုပ်ငန်းဆောင်ရွက် လျှက်ရှိ ကြောင်း သိရသည်။

မြောင်မြို့မြောက်ရပ်ကွက်ရှိ မြောင်သီရိလမ်းသွယ်လမ်း၊အလယ်ရပ်ကွက်ရှိလမ်းအမှတ်(၁၇)လမ်းနှင့် တောင်ရပ်ကွက်ရှိလမ်းအမှတ်(၂၀)လမ်းတို့အား ကတ္တရာ လမ်းသစ်ခင်းခြင်းရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်း သိရသည်။

သက်မာဦး