သတင်းများ

ဇလွန်မြို့နယ်တွင် အခြေခံလျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲကျင်းပ
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ လျှပ်စစ် သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ခရိုင်စီမံကိန်းရုံးမြေ ပြုပြင်ခြင်း လုပ်ငန်းကွင်းဆင်းစစ်ဆေး
Jan 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ခရိုင်စီမံကိန်းရုံးမြေ ပြုပြင်ခြင်းကို ယနေ့ နေလယ် ၁၂ နာရီ အချိန်က မြို့နယ်တည်ဆောက်မှု လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
Jan 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက တံတားမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရ သည်။
ကမမောင်းမြို့၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းတွင် လူငယ်များအတွက် အခမဲ့ကွန်ပျူတာ သင်တန်းဖွင့်လှစ်
Jan 14,2021
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊အမှတ်(၄) ရပ်ကွက်ရှိ ကိုနဝင်းဘုန်းတော်ကြီးကျောင်းတွင် ရပ်ဝေးကျေးရွာ များ မှ ပညာသင်ယူရန်လာရောက် နေထိုင်လျက်ရှိသည့် ကျောင်းသား၊ကျောင်းသူ လူငယ်လေးများအား ကွန်ပျူတာ အခြေခံသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိ ရသည်။
ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း နှစ်ဦးအား ကြိုဆိုဂုဏ်ပြု
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် မြို့နယ်ကိုယ်စားပြု သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း သူနာပြု(နှစ်)ဦးအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းမိသားစုများက ယနေ့နေ့လယ်ပိုင်းတွင် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
တွန်းဇံမြို့၌ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 14,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၁ခုနှစ်၊ ယနေ့နံနက် ၁၁ နာရီအချိန်တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ သင်တန်းခန်းမဆောင်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
လားရှိုးမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲ ကျင်းပ
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့မွန်းလွဲ (၂)နာရီအချိန် က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။
ခိုင်ကမ်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 14,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ဗိုလ်ခိုင်ကမ်း ပန်းခြံရှေ့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ပိုင်းမှ စ၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။