မြောင် ဇန်နဝါရီ ၁၄
မြောင်မြို့နယ်၊ ကျောက်ဖူးကုန်းကျေးရွာရှိ မြေပဲစိုက်ခင်းများထဲတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုမှာ ယခင်နှစ်များထက်ပိုပြီး (၂)ကြိမ်ဝင်ရောက်လာမှုကြောင့် မြေပဲစိုက်ခင်းများ ပိုမိုကောင်းမွန်ကြောင်း သိရသည်။
ဧရာဝတီမြစ်ရေကျဆင်းသွားချိန်မှစ၍ မြေပဲများစတင်စိုက်ပျိုးရခြင်းဖြစ်ပြီး မြေပဲ(၂)ဧက စိုက်ပျိုး ရာတွင် မြေပဲမျိုးစေ့(၅)တင်း နှင့်မြေဆီမြေသြဇာစုစုပေါင်း ကုန်ကျငွေ(၇)သိန်းခန့်ကျပြီး ဒီနှစ်မှာတော့ ပိုးမွှားတိရိစ္ဆာန်ဖျက်ပိုးများနည်းသည့်အတွက် ကုန်ကျစရိတ်များနည်းပါးခဲ့ကြောင်း သိရသည်။
မြောင်မြို့နယ်၊ကျောက်ဖူးကုန်းကျေးရွာရှိ မြေပဲစိုက်တောင်သူများမှ ယခင်နှစ်များထက် ဖျက်ပိုး များနည်းပါးပြီး မိုးရွာနှုန်းနည်းသည့်အတွက် ဒီနှစ်မှာမြေပဲများကောင်းမွန်ပြီး မြေပဲ ထွက်နှုန်း လည်း ပိုနိုင်မည်ဟု သိရသည်။
သက်မာဦး