စဉ့်ကူးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဝန်ထမ်းအိမ်ယာ ပန္နက်ရိုက် အခမ်းအနားကျင်းပ

စဉ့်ကူး ဇန်နဝါရီ   ၁၅

စဉ့်ကူးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနဝန်းအတွင်း၌ ယမန်နေ့ နံနက်  ၉နာရီခွဲတိတိတွင်          (  ၆၀' × ၂၅' × ၁၁' ) ဝန်ထမ်းအိမ်ယာ  ပန္ဒက်ရိုက် အခမ်းအနားကျင်းပရာ၌  မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမြင့်ဇော်နှင့် သက်ဆိုင်ရာဌာနမှဌာနအကြီးအကဲများ၊ ဆောက်လုပ်ရေးတာဝန်ခံများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးလွှမ်းမိုးသူနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အဆိုပါ  ဝန်ထမ်းအိမ်ယာသည်  မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏  ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် စဉ့်ကူးမြို့နယ်တွင် တည်ဆောက်မည့်  ၄ ခန်းတွဲ ဝန်ထမ်းအိမ်ယာ(၆၀.၀၂၅-၀")၁ ထပ် ၄ ခန်းတွဲအဆောက်အဦးကို KKYSTAR CONSTRUC TION Co.Ltd  ကီးစတား  ဆောက်လုပ်ရေး ကုမ္မဏီ မှ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ကာလအတွင်း အပြီးသတ် ဆောက် လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်တင်နူ ( စဉ့်ကူး )