အခြေခံလူတန်းစားများအား အိမ်တိုင်ရာရောက် Mask ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း တွံတေး၌ ဆောင်ရွက်
Jan 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တွံတေးမြို့နယ်တွင် အခြေခံလူတန်းစားများအား အိမ်တိုင်ရာရောက် Mask ဖြန့်ဝေခြင်း နှင့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အိုဘို အနောက်ရပ်ကွက် ၊ကမ်းနားလမ်း၌ပြုလုပ်ခဲ့ကြောင်းသိရသည်။