မြောင် ဇန်နဝါရီ ၁၄
မြောင်မြို့နယ်၊ သာထွန်းကျေးရွာတွင် CPအစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
“CPအစေ့ထုတ်ပြောင်းမျိုးမှာ သက်ရင့်နှင့်သက်နု(၂)မျိုးရှိပြီး၊ အောက်တိုဘာလတွင် စိုက်ပျိုး ကြကာ သက်ရင့်ကိုစိုက်ပျိုးလျင်(၄) ကြာလျင်ရိတ်သိမ်းရကြောင်း၊ သက်နုကိုစိုက်ပျိုးလျင် (၃) လခွဲကြာရင် ရိတ်သိမ်းရကြောင်း၊ (၁)ဧက စိုက်ပျိုးစရိတ်ကုန်ကျမှုမှာ လေးသိန်း ခွဲခန့် ကုန်ကျကာ (၁)ဧက အထွက်နှုန်းမှာလည်း တင်း(၁၀၀)မှ တင်း (၁၂၀)ခန့် ထွက်ရှိကြောင်း၊ မြောင်မြို့နယ်၊ သာထွန်းကျေး ရွာတွင် CP အစေ့ထုတ်ပြောင်းစိုက်ပျိုးတောင်သူ(၅၀)ဦးခန့်က ဧက(၁၅၀)ခန့်ကို စိုက်ပျိုးကြကာ ရိတ်သိမ်းပြီးပါက ပြောင်းစိုက်တောင်သူများအနေဖြင့် အမြင့်ဈေးရရှိရန် မျှော်လင့်လျက်ရှိကြောင်း” ကို ဒေသခံတောင်သူတစ်ဦးက ပြောသည်။
သက်မာဦး