ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း အသိပညာပေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်
Jan 14,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိပြီး ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးဘေးလုံခြုံမှု ရှိစေရန် အတွက် ယနေ့ နံနက် (၉)နာရီ က ချောင်းဆုံမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးအောင်မိုးမြတ်နှင့် မုပွန်မီးသတ် နယ်မြေစခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကောင်းထက်တို့ ဦးဆောင် မီးသတ်တပ်ဖွဲ့ဝင်များက ကုလားတို့ကျေးရွာနှင့် ကလွီကျေးရွာတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။