ရေနံချောင်း ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာ သီတွင် မြို့နယ်အတွင်းစိမ်းလန်းစိုပြည်ရေးအတွက် သစ်မျိုးစုံပျိုးပင်ပေါင်း ခြောက်သောင်းကျော် ပျိုးထောင် ထားရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် အထူးစိမ်းပျိုးပင်ကြီး ၂၁၅၀၀ ပင်၊ ကျေးရွာဒေသခံများ ထင်း လောင်စာနှင့် အခြေခံသစ်တောထွက်ပစ္စည်းများ ဖူလုံစွာရရှိစေရန် ကျေးရွာသုံးစိုက်ခင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစိုက်ခင်းများ တည်ထောင်ရန်အတွက် ၃၂၀၀၀ ပင် စုစုပေါင်း သစ်မျိုးစုံပျိုးပင်ပေါင်း ၆၁၀၀၀ ပင် ပျိုးထောင်ထားကြောင်းသိရသည်။
ကိုစိုးကြီး