သတင်းများ

မူဆယ်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Apr 26,2021
မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Apr 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိရာ စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက်ရှိ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စေတုတ္တရာမြို့ အမှတ်(၁) အ.လ.က(ခွဲ) ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ
Apr 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအား ဒုတိယအကြိမ်အဖြစ် ဆေးရုံအခြေပြု စတင်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီက ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးရုံးတွင် စုရပ်အဖြစ် ကျန်းမာရေးဝန်ထမ်းများက စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ် ရွာပြင်းကျေးရွာ၌ လျှပ်စစ်ဟင်းအိုးအပူလွန်ကဲရာမှတဆင့် မီးလောင်မှုဖြစ်ပွား
Apr 26,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ရွာပြင်းကျေးရွာ၌ လျှပ်စစ်ဟင်းအိုးအပူလွန်ကဲရာ မှတဆင့် မီးလောင်မှုဖြစ်ပွားခြင်းကို ဧပြီလ (၂၆) ရက်နံနက် (၀၃:၀၅ )နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ကြက်ခြေနီတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Apr 26,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွက် ပြည်သူများ အသိပညာရရှိစေရန် ရည်ရွယ်၍ ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု
Apr 26,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၅) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
စစ်တွေမြို့၌ ဘုန်းတော်ကြီးကျောင်းများရှိ တိုက်ပွဲရှောင်စခန်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ရွက်
Apr 25,2021
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘုန်းတော်ကြီးကျောင်းများရှိ တိုက်ပွဲရှောင်စခန်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နေ့လည်ပိုင်းက စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်လင်း ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။