သတင်းများ

ပြင်ပဆေးရုံဆေးခန်းများတွင် ပြသရန်အခက်အခဲရှိသူများ အမှတ်(၂) တပ်မတော်(ကုတင်၅၀၀)ဆေးရုံ တွင် လာရောက်ပြသနိုင်
Apr 27,2021
ပြင်ပဆေးရုံ ဆေးခန်းများတွင် ပြသရန်အခက်အခဲရှိသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် မြို့မကျောင်းလမ်းရှိ အမှတ်(၂)တပ်မတော် (ကုတင်၅၀၀)ဆေးရုံတွင်
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ CovidShield ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း အခမ်းအနား ကျင်းပြုလုပ်
Apr 27,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ပြုလုပ်သည့် သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၆၀)နှစ် နှင့်အထက်ရှိ သူများအား CovidShield ကာကွယ်ဆေး(ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမ၌ ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြိတ်ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ
Apr 27,2021
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် သည် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်(၁) နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမတွင် ခရိုင်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။
မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Apr 27,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁၅) ရပ်ကွက်တွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့များပေးအပ်ခြင်းကို ယနေ့ နေ့လည် ၁၂:၃၀ နာရီ အချိန်က မြင်းခြံမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ် ချောင်းစောက်ကျေးရွာ၌ အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်
Apr 27,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချောင်းစောက်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ဖြူးမြို့နယ် လေးအိမ်စုကျေးရွာ ဖွံ့ဖြိုးရေး ကျောက်ရောမြေသားလမ်းခင်းခြင်းများ ဆောင်ရွက်မှု ပြီးစီး
Apr 27,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆−၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လေးအိမ်စု မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေနှင့် ပြည်သူလုပ်အား ထည့်ဝင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေကို ခေတ္တမြို့နယ်ဦးစီးမှူးနှင့် အဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ကရင်စာပေအခြေခံ ဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပ
Apr 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်အုပ်စု၊တောင်ယာစုကျေးရွာ ၊ ပိန်းဂရက်လေး အခြေခံပညာမူလတန်းကျောင်း၌ ကရင်စာပေအခြေခံ ဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့ စည်ပင်သာယာမြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းဆောင်ရွက်
Apr 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကူးဆက်ပြန့်ပွားခြင်းမရှိစေရေးအတွက်‌ ဒေသခံပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း (mask)နှာခေါင်းစည်း တပ်ဆင် ဆက်သွယ်သွားလာရေးနှင့် (mask)နှာခေါင်းစည်း နှင့်မျက်နှာကာ(face shield)များ အခမဲ့ ဖြန့်ဝေခြင်း၊ ဈေးအတွင်းတပ်ဆင်ထားရှိသည့် လက်ဆေးဘေဇင်များ၌ စနစ်တကျလက်ဆေးရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။