ကျောက်တံတား ဧပြီ ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် တွင်အသက်(၆၅)နှစ်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဧပြီ ၂၁ ရက် နံနက် ၉ နာရီမှစတင်ကာ ၃၅လမ်း မူလတန်းကြိုကျောင်းတွင် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျောက်တံတားမြို့နယ်တွင်ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကိုမတ်လ(၂၄)ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီးနောက် ပထမအကြိမ်ထိုးနှံပြီးသူများ အား ဧပြီလ(၂၁)ရက်နေ့မှ စတင်ကာဒုတိယအကြိမ် အဖြစ်ထိုးနှံ ပေးခြင်းဖြစ်ကာ ပထမအကြိမ်အဖြစ် ပြည်သူ(၁၄၇၀)ဦးအားထိုးနှံပေးခဲ့ပြီးဧပြီလ(၂၃)ရက်နေ့ထိ ပြည်သူ(၂၉၇)ဦးအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခဲ့ပြီးနောက် ကျန်ရှိသူများ သတ်မှတ်ရက်များအလိုက် ဆက်လက် ထိုးနှံနိုင်ရန် မြို့နယ်စီမံအုပ်ရေးအဖွဲ့က အသိပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)