အောင်လံ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ရွာပြင်းကျေးရွာ၌ လျှပ်စစ်ဟင်းအိုးအပူလွန်ကဲရာ မှတဆင့် မီးလောင်မှုဖြစ်ပွားခြင်းကို ဧပြီလ (၂၆) ရက်နံနက် (၀၃:၀၅ )နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသော သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၉၀)ဦးတို့မှ ဒေါင်းဖန်းမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ CNJ မီး သတ်ရေသယ်ယာဉ်(၁)စီး၊ ကန်ကြီးနယ်မြေမီးသတ်စခန်းမှ ဒေါင်းဖန်းမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကန်ကြီးအရန် မီးသတ်စခန်းမှ ဒေါ့ဂျစ်မီးသတ်စက်ယာဉ်(၁)စီး၊ တရော်ကုန်းရပ်ကွက် အရန်မီးသတ်စခန်းမှ ဟီးနိုးမီးသတ် ရေသယ်ယာဉ်(၁)စီး၊ ဇေယျဝတီအရန်မီးသတ်စခန်းမှ တိုယိုတာမီးသတ်စက်ယာဉ်(၁)စီး၊ စမ်းချောင်းရပ်ကွက် အရန်မီးသတ်စခန်းမှ ဟီးနိုးမီးသတ်ရေသယ်ယာဉ်(၁)စီး၊ စက်ရုံရပ်ကွက် အရန်မီးသတ်စခန်းမှ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ သရက်တောရပ်ကွက် အရန်မီးသတ်စခန်းမှ ချက်ပလက်မီးသတ်ရေသယ်ယာဉ်(၁)စီး စုစုပေါင်း (၉)စီးဖြင့် အချိန်မီရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ နံနက် (၀၄:၃၀)နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
ယင်းမီးလောင်မှုအကြောင်းအရင်းမှာ လျှပ်စစ်ဟင်းပေါင်းအိုးဖြင့် ဟင်းပြန်လည်နွှေးရာမှ ခလုတ် ပိတ်ရန် သတိမေ့၍ ဟင်းအိုးအပူလွန်ကဲပြီး ဦးထွန်းထွန်းမျိုး၏ လူနေအိမ်မှစတင်လောင်ကျွမ်းခဲ့ရာ စုစုပေါင်း လူနေအိမ် (၂၅)လုံး၊ နွားတင်းကုတ်(၁)လုံး၊ နွား(၁)ကောင်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ကျား(၅၁)ဦး၊ မ(၅၉)ဦး၊ စုစုပေါင်း လူဦးရေ(၁၁၀)ဦးမီးဘေးသင့်ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၁၃၇၅၀၀၀၀/-) (ကျပ်တစ်ရာ သုံးဆယ့် ခုနှစ်သိန်းငါးသောင်း)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်အခြားတိရစ္ဆာန်များ ထိခိုက်မှုမရှိ ကြောင်းနှင့် မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်အိမ်မှ ဦးထွန်းထွန်းမျိုးအား အောင်လံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)