ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေသဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

ဘားအံ ဧပြီ ၂၆

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၅) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့မဘောလုံး အားကစားကွင်းအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းခွင်အတွင်းရှိ ကွန်ကရစ် အဆောက်အဦအကြမ်း ဖျက်သိမ်းပြီးစီးမှု အခြေအနေ၊ အုတ်တံတိုင်း ဆောင်ရွက်နေမှု အခြေအနေနှင့် ဘေားလုံးအားကစားကွင်း အင်္ဂါရပ်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးကြီးနှင့် ရပ်မိရပ်ဖ များက ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မြို့မဘောလုံးအားကစားကွင်း မျက်နှာပြင်မြေညှိမြေဖို့ပေး၍ မြက်ပင်များ စိုက်ပျိုးပေးရန်၊ လျှပ်စစ်မီးတိုင်များ စိုက်ထူပေးရန်၊ မိုးရာသီရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ စနစ်တကျဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘားအံမြို့ ကျက်သရေဆောင် ရွှေယာဉ်မျှော် ပြည်တော်ဧစေတီတော်ရှိ အောင်ချမ်းသာဘုရားကြီးအား ဖူးမျှော်ကြည်ညို၍ ဂေါပကအဖွဲ့ထံ စေတီတော်ကြီးဘက်စုံ ပြုပြင်မွမ်းမံရန် အလှူငွေများပေးအပ် လှူဒါန်းခဲ့ပြီး ရွှေယာဉ်မျှော်ပြည်တော်ဧစေတီတော်မြက်ကြီး ရင်ပြင်တော်၌ လှည့်လည်ဖူးမျှော်ကာ ဘုရားဖူး ရဟန်းရှင်လှူပြည်သူများ ကိုယ်စိတ်နှလုံးအေးချမ်းပျော်ရွှင်စွာ ဖူးမျှော်ကြည်ညိုနိုင်ရေး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဘားအံမြို့၊ ကြာအင်းတောင်ပေါ်၌ ကရင်ပြည်နယ် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်မည့်မြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက် ရေးလုပ်ငန်း ဆိုင်ရာ များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန် မှာကြားကာ လာမည့် မိုးရာသီတွင် သစ်တောဦးစီးဌာနမှ ကြာအင်းတောင်စမ်းလန်းစိုပြေရေးအတွက် သစ်ပင်များ စိုက်ပျိုးမည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာ အုပ်စု၊ လှာကဒေါင် အင်းတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အများပြည်သူ အနားယူ အပန်းဖြေ နိုင်ရေးအတွက် ဒေသခံများ ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကော်မတီဖွဲ့စည်းပေးရန် မှာကြားခဲ့ကာ လှာကဒေါင် ကျေးရွာအုပ်စု၊ တောင်နား ကျေးရွာမှ ကမော့ကစင်ကျေးရွာသို့ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား မြေသားလမ်း စတင် ဖောက်လုပ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)