စစ်တွေ ဧပြီ ၂၅
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဘုန်းတော်ကြီးကျောင်းများရှိ တိုက်ပွဲရှောင်စခန်းများတွင် မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နေ့လည်ပိုင်းက စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်လင်း ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင်စခန်းများတွင် မီးဘေးလုံခြုံစေရေးအတွက် မီးသတ် တပ်ဖွဲ့ဝင်များက အသိပညာပေးဟောပြောခြင်း၊မီးသတ်ဆေးဗူးဖြင့်အသုံးပြု၍ လက်တွေ့ မီးငြိမ်းသတ်ခြင်း၊ ဆီမီးလောင်မှုအား အဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်း စသည့်တို့ကို ဇာတ်တိုက်သရုပ်ပြလေ့ကျင့် ဆောင်ရွက် ပေးကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)