စေတုတ္တရာ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိရာ စေတုတ္တရာမြို့ အမှတ်(၁)ရပ်ကွက်ရှိ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စေတုတ္တရာမြို့ အမှတ်(၁) အ.လ.က(ခွဲ) ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်သက်သက်ရည် ဦးဆောင်၍ ကျန်းမားရေးဝန်ထမ်းများက ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွက် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်းသံဃာများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအပါအဝင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူ (၃၄၃၈)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စည်သူလွင်