သတင်းများ

တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်အကြောင်း မိတ်ဆက်ရှင်းလင်း
Apr 26,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်အကြောင်း မိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့် က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေများ ပေးအပ်
Apr 26,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီ က ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးမိတ်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဆောင်ရွက်
Apr 26,2021
နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သက်နိုင် ကြီးကြပ်၍ မိုးမိတ်မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက မိုးဘုံကျေးရှိ ဒေသခံတိုင်းရင်းသား ကျား(၁၆) ဦးနှင့် မ (၁၄) ဦး စုစုပေါင်း (၃၀) ဦးတို့အား အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၊ ရတနာသိင်္ခလမ်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းတံတား ပြုလုပ်ဆောင်ရွက်
Apr 26,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ် ၃ ရပ်ကွက်၊ ရတနာသိင်္ခလမ်းတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အရှည် (၃၆)ပေ၊ အကျယ်(၃)ပေ၊ အနက်(၃)ပေရှိ တံတားရေမြောင်းအား ၁.၁.၂၀၂၁ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Apr 26,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ကုတ်ကလေးကစားကွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 26,2021
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးသော ဦးဥတ္တမ ကလေးကစားကွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၆ ရက်နံနက် ၁၀ နာရီအချိန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ တွေ့ဆုံ
Apr 26,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် (၈)နာရီအချိန် က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  ဒုတိယအကြိမ် ထပ်မံထိုးနှံပေး
Apr 26,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များ ၊ သီလရှင် များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင်  ဧပြီ ၂၅ ရက်နေ့မှစပြီး ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။