ဘုရားသုံးဆူ ဧပြီ ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွက် ပြည်သူများ အသိပညာရရှိစေရန် ရည်ရွယ်၍ ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုများအား ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးမြင့်နိုင် က ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ (ပြန်/ဆက်)