သတင်းများ

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ( ၂ ) ဦးအောင်ချိန် မကွေးတိုင်းဒေသကြီးအတွင်းရှိ နောက်ဆုံးနှစ် သင်တန်းများ၊ မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Apr 25,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်( ၂ ) ဦးအောင်ချိန်သည် ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မကွေးတက္ကသိုလ်အစည်းဝေးခန်းမတွင်ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ ကောလိပ်များတွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် နောက်ဆုံးနှစ်သင်တန်းများ ၊ မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်နိုင်ရေး နှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ စက်မှုဇုန်အတွင်း လောင်စာတောင့် စက်ရုံအနီး မီးလောင်မှုဖြစ်ပွား
Apr 25,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့ တွင် ယနေ့နံနက် ၅ နာရီခန့်အချိန်တွင် ရွှေဘိုမြို့မီးသတ်စခန်းနှင့် ၃ မိုင်ခန့်အကွာ စက်မှုဇုန်အတွင်း ၊ သိရိသခ်လမ်းနှင့် ရွှေမာလာလမ်းထောင့်ရှိ ဦဖြိုးသူရ ပိုင်ဆိုင်သော " ရွှေဘိုမျိုးမြတ်မွန် " လောင်စာတောင့် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များဦးဆောင်၍ ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅နာရီ ၄၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပါသည်။
သန်လျင်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကွန်ကရစ်လမ်းခင်းနေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
Apr 25,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးရွာဖွံဖြိုးရေးစီမံကိန်း ကွန်ကရစ်လမ်းခင်းနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုး တက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပျိုးပင်ပေါင်း ၄၀၀၀၀ စိုက်ပျိုးထားရှိ
Apr 25,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သယံဇာတ နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်း အကောင်အထည် ဖော်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ (၅)မိုင်ပျိုး ဥယျာဉ်တွင် သစ်ပင်များ စိုက်ပျိုး ထားရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ရောဂါကြိုတင် တားဆီးကာကွယ်နိုင်ရန်အတွက် Mask Campaing ပြုလုပ်
Apr 25,2021

ကျောက်ဆည် ဧပြီ၂၅ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ရောဂါကြိုတင်တားဆီး ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက်(၇)နာရီက ဈေးရောင်းချသူများ၊ အလုပ်

ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၁ ခုနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 25,2021
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၁ ခုနှစ် လုပ်ငန်းညှိနှိုင်းအစည်း အဝေး အခမ်းအနားကျင်းပခဲ့သည်။
မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြော
Apr 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ တိုက်ရှောင်စခန်းများသို့ တစ်ကိုယ်ရေသန့် ရှင်းရေးနှင့်ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို(ICRC) အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ က အဆိုပါတိုက်ပွဲရှောင်နေရာများသို့ သွားရောက်ပြီး ကျန်းမာအသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။