မင်းလှမြို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Apr 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ဦးကင်းဘုရား ဓမ္မာရုံ တွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးကြောင်းသိရသည်။