သတင်းများ

ကျောက်တံခါးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 12,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မေ ၁၂ ရက်နေ့ နံနက်ပိုင်းက ပညာရေးဌာနဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများကို စုပေါင်းပြုလုပ် ခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာတွင် အလိမ္မာပျိုးခင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
May 12,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်မြို့နယ် ကျောင်ဆောင်စမ်းကျေးရွာ၌ ဆရာတော် ဦးရာဇိန္ဒဦးစီး၍ တပည့်စာသင်သား (၁၃) ပါးဖြင့် အလိမ္မာပျိုးခင်း ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား၊ ကျောင်းသူများ ရဟန်း၊ သံဃာနှင့် မဝေးကွာစေရန်၊
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား ဂုဏ်ပြုတွေ့ဆုံ
May 12,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား နှင့် အသက် (၂၅) နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစား အသင်း အဖွဲ့များအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ကျင်းပသည်။
တာချီလိတ်မြို့တွင် နိုင်လွန်ကတ္တရာခင်းခြင်းဆိုင်ရာ နည်းပညာနှင့် စက်ယန္တရား အသုံးပြုမှုသင်တန်းဖွင့်လှစ်ပို့ချ
May 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် နိုင်လွန်ကတ္တရာ ခင်းခြင်း ဆိုင်ရာနည်းပညာနှင့်စက်ယန္တရားအသုံးပြုမှုသင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့ ထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့၌ မေတ္တာရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း သို့ လာရောက်ပြသသည့်လူနာများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေ
May 12,2021
မိတ္ထီလာမြို့၌ ဝန်ဇင်းရပ်ကွက်ရှိ ပထမကျော်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်း ကျောင်းမှ ဖွင့်လှစ်ထားသောမေတ္တာရေကြည် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ပြသသည့် လူနာများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု(လက်သမား)သင်တန်းဖွင့်
May 12,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရေးနှင့် မိသားစုဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (လက်သမား)သင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲပြုလုပ်
May 12,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ မေလပထမပတ်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထွန်စက်ငှားရမ်း ထွန်ယက်ပေးခြင်းများ ဆောင်ရွက်ပေး
May 12,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ရှိ ဒေသခံတောင်သူများ၏ မိုးဦးရာသီ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ဆောင်နိုင်ရန် ထွန်စက်များ ငှားရမ်းထွန်ယက်ပေးခြင်းကို တံတားဦးမြို့နယ် အမှတ်(၂၃) စက်မှုလယ်ယာစခန်းမှသိရသည်။