မတ္တရာ မေ ၁၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရေးနှင့် မိသားစုဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (လက်သမား)သင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်မင်းထွန်းမှ သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်း အထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့သည်။ ထို့နောက် သင်တန်းနည်းပြမှ သင်တန်းတွင် သင်ကြားပေးမည့်အပိုင်းများကို ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား (၂၀)ဦးတို့ ရောက်ခဲ့ ကြပြီး သင်တန်းကာလမှ (၁၅)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)