သတင်းများ

ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာတွင် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းရန်ပုံငွေမှ အတိုးရ ငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
May 10,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် စီမံကိန်းရန်ပုံငွေမှ အတိုးရငွေဖြင့် ကျေးလက် နေပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးသိန်းကိုကိုထွန်းထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် စိုက်ပျိုးရန် အတွက် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိ
May 10,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ၊ သဘာဝတောများ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေး အန္တရာယ်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရန် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဆရာကြီးဦးခင်မာင်သန်း၏ ပညာ ရည်ချွန်ဆုပေးပွဲကျင်းပ
May 10,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်း အလိုက် ရမှတ်အများဆုံး ရရှိသူများအား ဆရာကြီး ဦးခင်မောင်သန်း ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက်(၈)နာရီက မြောက်မင်းတည်း ရပ်ကွက်အုတ်ဖိုကျောင်းလမ်း ဆရာကြီး ဦးခင်မောင်သန်း၏ နေအိမ်တွင် ကျင်းပခဲ့သည်။
သံဖြူဇရပ်မြို့၌ ရပ်ကွက်/ကျေးရွာယာယီအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင် ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်
May 10,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ ကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် နွေစပါးစိုက်ခင်းများအတွင်း ဘက်စုံသီးနှံကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
May 10,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင် ကြီးကြပ် မှုဖြင့် နွေစပါး စိုက်ခင်းများအတွင်း ဘက်စုံသီးနှံကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျောက်တံခါးကျေးရွာ တွင် ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့၊ ပခုက္ကူခရိုင်အတွင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
May 10,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုရန် ရောက်ရှိ နေသော တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးစိုင်းမြင့်အေး၊ ရဲမှူးကြီးလှိုင်တင့်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့သည် မေလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာတွင် Sunny Global Manu facture Co,.Ltd မှ ဆောင်ရွက်လျက်ရှိသည့် အသေးစား ရေနံချက စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးကာ ရေနံချက်စက်ရုံ အမြန်ဆုံး လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မန်းရွှေစက်တော်ရာဘုရား မုဆိုးတောင်စေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ပွဲကျင်းပ
May 10,2021

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေ စက်တော်ရာ ဘုရား မုဆိုးတောင်စေတီတော် ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် အထက်စက်တော်ရာရွှေတန်ဆောင်းတော်ကြီး ဘက်စုံပြုပြင်ပါကေးခင်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲအချိန်က မန်းရွှေစက်တော်ရာဘုရား အထက်စက် တော်ရာ ဘုရားရင်ပြင်၌ ကျင်းပပြုလုပ်သည်။

လပွတ္တာစက်မှုလက်မှုပညာ သင်တန်းကျောင်း၌ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများ ဖွင့်လှစ်
May 10,2021
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုပညာသင်တန်း ကျောင်း(လပွတ္တာ)၌ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၁)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၆)၊ လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၈)ဖွင့်ပွဲကို စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ လပွတ္တာ(၃)မိုင်မြို့သစ်၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်သည်။