မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်
May 13,2021
ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်း မြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉:၃၀ နာရီမှ ညနေ၄း၃၀ နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိသည်။