သတင်းများ

ကြို့ပင်ကောက်မြို့တွင် နွေစပါးစုစုပေါင်း ၁၁၇၅ ဧက စိုက်ပျိုးထားရှိ
May 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဘော်ဘင်ဆည်မှ ရရှိသော ရေဖြင့် ၂၀၂၁ ခုနှစ် နွေစပါးစိုက်ပျိုးခြင်း ၁၁၇၅ ဧကအား ဧပြီလပထမပတ်က စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ငဖဲမြို့နယ်အတွင်းမှ သောက်သုံးရေရှားပါသည့် ကျေးရွာဘုန်းတော်ကြီး ကျောင်းများနှင့် ပြည်သူများထံသို့ သောက်သုံးရေများသွားရောက်လှူဒါန်း
May 10,2021

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းမှသောက် သုံးရေရှားပါ သည့် ကျေးရွာ များသို့ ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များက သောက်သုံးရေများ သွားရောက်လှူဒါန်းပေး လျက်ရှိရာ မာန်အောင် ကျေးရွာအုပ်စုမှ

သံတွဲမြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ
May 10,2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သံတွဲမြို့နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကသံတွဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၌ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၁၂/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 10,2021

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်( ၁၂/၂၀၂၁)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်
May 10,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ တာဝန်ရှိသူများနှင့်အတူ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဗန်းမော်မြို့သို့ ယမန်နေ့မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး မိုးမောက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာ ပြည်သူများနှင့်တွေ့ဆုံအားပေးပြီး ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ကြသည်။
လေးမျက်နှာမြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပေးဆောင်ရွက်
May 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့်  အပြင်ထွက်သည့်ပြည်သူတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းများအားလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက အောင်မင်္ဂလာစျေးတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး စောင့်ရှောက်စစ်ဆေးမှုများကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေး
May 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၈)မြို့နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၈) မြို့နယ် အသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က သာယာဝတီမြို့ ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။