ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာတွင် အလိမ္မာပျိုးခင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ဆင်ပေါင်ဝဲ မေ ၁၂ မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်မြို့နယ် ကျောင်ဆောင်စမ်းကျေးရွာ၌ ဆရာတော် ဦးရာဇိန္ဒ ဦးစီး၍ တပည့်စာသင်သား (၁၃) ပါးဖြင့် အလိမ္မာပျိုးခင်း ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား၊ ကျောင်းသူများ ရဟန်း၊ သံဃာနှင့် မဝေးကွာစေရန်၊ ဘာသာတရားကို ကိုင်းရှိုင်းတတ်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အမျိုးဘာသာ သာသနာအကျိုးကို ထမ်းဆောင်သည့် လူတော် လူကောင်း များဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး နေ့စဉ် နှစ်ကြိမ်သင်ကြားပေးသည်။ မူလတန်းအဆင့် ကျောင်းသား/ သူများအား ယဉ်ကျေးလိမ္မာ သင်ခန်းစာများကို ပို့ချသင်ကြားပေးပြီး အလယ်တန်းအဆင့် ကျောင်းသား/ သူများအား နိုင်ငံတော်သံဃ မဟာနာယကမှ ထုတ်ဝေသည့် ယဉ်ကျေးလိမ္မာသင်တန်း ပထမ၊ ဒုတိယ၊ တတိယဟု အဆင့်ခွဲခြား သင်ကြားပေး၍ စာမေးပွဲများဖြေဆိုစေပြီး ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆောင်စမ်း မြောက်ကျောင်းတိုက် ဆရာတော် ဦးရာဇိန္ဒထံမှ သိရသည်။ ချိုချိုဝင်း