သတင်းများ

ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကျင်းပ
May 13,2021
ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့မွန်းလွဲ (၂)နာရီ က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မိုင်းဆတ်မြို့၌ ဘောလုံးအောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
May 13,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲအောင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သူများထံ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာ များ ထောက်ပံ့
May 12,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာတွင် လေပြင်း တိုက်ခတ်မှု ကြောင့် နေအိမ်အဆောက်အဦများ
ကျေးလက်ဒေသတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး
May 12,2021
ကန်ကြီးထောင့် မေ ၁၂ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်သို့ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်တို့မှ တာဝန်ရှိသူများနှင့်အတူ မေလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ညောင်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရွာလမ်းမ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းနှင့် ညောင်ကုန်းကျေးရွာအုပ်စု လက်ခုပ်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော ၄ လက္မ စက် ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံ၊ ရေသိုလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများ သွားရောက်စစ်ဆေးခဲ့သည်။
ကျိုက်မရောမြို့နယ်တွင်အိမ်ထောင်စုလူဦးရေစာရင်းနှင့်ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုးဆောင်ရွက်ပေးမည့်ပန်းခင်းစီမံချက်ရှင်းလင်းပွဲပြုလုပ်
May 12,2021
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်းနေထိုင်လျက်ရှိသူများ အနက်မွေးရာပါ နိုင်ငံသား အရည်အချင်းရှိသော တိုင်းရင်းသားများနှင့် တိုင်းရင်း သား မဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သောဥပဒေအရ နိုင်ငံသားများအား ၁၉၄၉ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေတို့ဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့် အညီကိုင်ဆောင်သင့်သည့်နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ နိုင်ငံသားပြုစိစစ်ရေးကဒ်ပြား၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြားစသည့်ကဒ်ပြားတစ်မျိူးမျိုးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်ရှင်းလင်းပွဲကို ယနေ့နံနက်၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ပြုလုပ်ခဲ့သည်။
“ပန်းခင်း” စီမံချက်နှင့်ပတ်သက်၍ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ
May 12,2021
နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်နှင့်ပတ်သက်၍ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်တွင် နှစ်ရှည်သီးနှံပိန္နဲသီးနှံစိုက်ပျိုးတောင်သူများ ပိန္နဲသီးအမှည့်ပေါ်ချိန် ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ
May 12,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို နွေ ၊ မိုး ၊ ဆောင်း ရာသီမပျက် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး သီးနှံများစိုက်ပျိုးရာတွင် ကိုယ်ပိုင်စက်ရေတွင်းများဖြင့် ဥယျာဉ်ခြံမြေများ တွင် ဈေးကွက်ကောင်းသည့် နှစ်ရှည်သီးနှံ ပိန္နဲကို အားထားစိုက်ပျိုး လုပ်ကိုင်ကြရာ ယခုနှစ်တွင် အိမ်မာ(အကြွပ်သီး)ပိန္နဲသီးနှံမှာ ဈေးကောင်း ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရ သည်။
နတ်မောက်မြို့နယ်၌ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 12,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက  အောင်ဆန်းရပ်ကွက်ရှိ အ.ထ.က(၃)တွင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ပြင်ဆင် ဆောင်ရွက် မှုများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။