တံတားဦးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထွန်စက်ငှားရမ်း ထွန်ယက်ပေးခြင်းများ ဆောင်ရွက်ပေး

တံတားဦး၊ မေ  ၁၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ရှိ ဒေသခံတောင်သူများ၏ မိုးဦးရာသီ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ဆောင်နိုင်ရန် ထွန်စက်များ ငှားရမ်းထွန်ယက်ပေးခြင်းကို တံတားဦးမြို့နယ် အမှတ်(၂၃) စက်မှုလယ်ယာစခန်းမှသိရသည်။

တောင်သူများအနေဖြင့် မိုးရာသီ သီးနှံများ စိုက်ပျိုးနိုင်ရန် လယ်ယာမြေများကို ကျေးရွာများအရောက် ထွန်ယက်စိုက်ပျိုးရေးအတွက် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ New Holland-90 Hp (၅)စီးနှင့်  Kubota- 50 Hp(၅)စီး စုစုပေါင်း(၁၀)စီးဖြင့်  သီးနှံများရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရန် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကျွန်တော်တို့ဌာနမှာရှိတဲ့ ထွန်စက်တွေက တောင်သူများ အလွယ်တကူ ငှားရမ်းထွန်ယက်စေနိုင်ရေး ဒါ့အပြင်တောင်သူဦးကြီးများ၏ ထွန်စက်တွေ စက်ပိုင်းဆိုင်ရာ ပျက်စီးလို့ ပြုပြင်စရာရှိရင်လဲ ကျွန်တော်တို့ရဲ ဝန်ထမ်းတွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးလှမင်းဦး၏ ပြောကြားချက်အရသိရသည် ။

ထိုအပြင် တောင်သူများအနေဖြင့် ရာသီအချိန်မီ စိုက်ပျိုးထွန်ယက်ရေးအတွက် ဒေါင်ဖန်း လက်တွန်းစက်များ Sonalika -90 Hp ထွန်စက်များကို လက်ငင်းစနစ်နှင့် အရစ်ကျစနစ်ဟူ၍ နှစ်မျိုးခွဲခြားရောင်းချပေးပြီး တောင်သူများအ‌နေဖြင့် ရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်သဖြင့် အပိုဝင်ငွေ များရရှိကာ လူနေမှုဘဝ ဖွံ့ဖြိုးတိုးမြင့်မားလာစေရန် ရည်ရွယ်ပြီး မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ ယခုလိုကူညီ ဆောင်ရွက် ပေးနေပါကြောင်း တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၌ ထွန်စက်ငှားရမ်း ထွန်ယက်ပေးခြင်း လယ်ယာမြေပြုပင်ခြင်းများ ဆောင်ရွက် ပေးရာတွင် တောင်သူများ စိုက်ပျိုးစရိတ်သက်သာသည့်အပြင် အချိန်ကုန်သက်သာခြင်း ယခင်နှစ်များထက်  ဝန်ဆောင်မှုစရိတ် လျှော့ချပေ ထားကြောင်းလည်း ၎င်းကဆက်လက်ပြောကြား၍သိရှိရသည် ။

ရဲတင့်(တံတားဦး-ပြန်/ဆက်)