သတင်းများ

ရန်ကင်းမြို့နယ်၌ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ တရားဝင်စာကြည့်တိုက် မှတ်ပုံတင် ကတ်ပြားများ ပေးအပ်ခြင်းနှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီက မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအား တရားဝင်စာကြည့်တိုက်မှတ်ပုံတင် ကတ်ပြားများ ပေးအပ်ခြင်းနှင့် မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ် မြို့မစာကြည့်တိုက်၌ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၌ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကျင်းပ
May 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ် သင်ကြားရေး ဆရာ/မများက လုပ်ငန်းခွင်သို့ ဝင်ရောက်လျက်ရှိ
May 12,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံပညာ ကျောင်းအသီးသီးမှ သင်ကြားရေးဆရာ/မများသည် ၂၀၂၁ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မေလ၂၄ရက်မှစ၍ ကျောင်းအပ်နှံရေး ဆောင်ရွက်နိုင်ရန် တာဝန်ကျရာ အခြေခံပညာကျောင်းများ အသီးသီးသို့ မေလ(၁၂)ရက်အထိ (၅၅၅)ဦး အလုပ်ပြန်လည် ဝင်ရောက်နေကြောင်း သိရှိရသည်။
ပေါင်းတည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
May 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းတွင် ဆီတင်ယာဉ် တိမ်းမှောက်၍ တစ်ဦးသေဆုံး
May 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ဥတိုကျေးရွာ ရန်ကုန်- ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် (၄၅/ ၆)နှင့် (၄၅/ ၇)အကြားတွင် ယမန်နေ့ ည ၉ နာရီ အချိန်ခန့်က ဆီတင်ယာဉ် တိမ်းမှောက်၍ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
မင်းလှမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများ ထုတ်ပေး
May 12,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများကို အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်းတွင် ယမန်နေ့စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့၌ဌာနဆိုင်ရာဝန်ထမ်းများအတွက်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
May 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သာသနာရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ယဥ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်(၈)နာရီက အလယ်တောရကျောင်းတိုက်၊ ပုပ္ပါရုံကျောင်းဆောင်ခန်းမ၌ ကျင်းပ ဖွင့်လှစ်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် နွေစပါး  ၂၇၄၇၄ ဧက စိုက်ပျိုးထားရှိ
May 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဆည်ရေများဖြင့် ၂၀၂၁ ခုနှစ်တွင် နွေစပါး ၂၇၄၇၄ ဧကအား  ဧပြီလမှစတင်ကာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။