တာချီလိတ် မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် နိုင်လွန်ကတ္တရာ ခင်းခြင်း ဆိုင်ရာနည်းပညာနှင့်စက်ယန္တရားအသုံးပြုမှုသင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့ ထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကိုင်ဒို-မြန်မာ ကုမ္ပဏီမှ လာရောက်ပို့ချလျက်ရှိပြီး ရှမ်းပြည်နယ် အရှေ့ ပိုင်းမြို့များက စည်ပင်သာယာရေးအင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာ၂၀ ဦးတက်ရောက် လျက်ရှိကြောင်း သိရသည်။
သင်တန်းများပြီးစီးပါကာ မြို့တွင်းကတ္တရာထပ်ပိုးလွှာခင်းခြင်းများကို နိုင်လွန်ကတ္တရာလမ်း အဖြစ်ပြောင်းလဲခင်းကျင်းသွားမည်ဖြစ်ကြောင်း၊ အကျယ် ၃၀ ပေ၊ အရှည်ပေ သုံးထောင် ကျော်ရှိ တာချီလိတ် အရှေ့မြို့ပတ်လမ်းကို ခင်းကျင်းသွားရန်အတွက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။
ယာဆေး(ပြန်/ဆက်)