သာယာဝတီ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၁ ခုနှစ်တွင် မိုးစပါး ၂၇၄၇၄ ဧကအား မေလပထမပတ်မှ စတင်ကာ စိုက်ပျိုးခဲ့ပြီး မိုးရေအပြင် သုံးဆယ်ရေလှောင်တမံမှ ၅၀၉၁၇ ဧက၊ သဲကောဆည်မှ ၉၆၇ ဧက၊ စက်ရေတွင်းမှ ရရှိသောရေဖြင့် ၆၄၂ ဧကနှင့် မုယင်းဆည်ရေဖြင့် ၈၉၀ ဧက စုစုပေါင်း (၂၇၄၇၄)ဧက စိုက်ပျိုးထားရှိပြီး၊၂၀၂၁ ခုနှစ် ဇွန်လပထမပတ်တွင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သြဂုတ်လဆန်းပိုင်းတွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများက မျိုးစေ့ချကိရိယာများ အခမဲ့ငှားရမ်းပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သန့်ဇော်