လယ်ဝေး ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်သည့် အခြေခံနှင့်အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဝက္ကမူကျေးရွာဓမ္မာရုံ၌ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် ဦးစီးမှူးဦးမျိုးတင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးကျော်သူရက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းမျာကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါအခြေခံနှင့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသူ(၂၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အခြေခံအပ်ချုပ်စက်သင်တန်း (၃၅)ရက် နှင့် အဆင့်မြင့်သင်တန်း(၃၅)ရက် စုစုပေါင်း (၇၀)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)